မကြာသေးမီရက်ပိုင်းက အင်တာနက်စာမျက်နှာများနှင့် ဖေ့(စ)ဘွတ်စာမျက်နှာများပေါ်တွင် တရုတ် CPI အရာရှိများက အောင်မြင်သာစံပြကျေးရွာသူရွာသားများနှင့်ခေါ်ယူ စကားပြောခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုကို ကြည့်လိုက်ရသည်။ မြစ်ဆုံ စီမံကိန်းကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ပြီး၊ ဇာတိမြေကို ဆုံးရှုံးခဲ့ရသော အောင်မြင်သာ စံပြရွာသူရွာသားများကို တရုတ် CPI အရာရှိများ ပြောဆိုသည်များကို စာတမ်းထိုးပေးထားသောကြောင့် အလွန်ကျေးဇူးတင်မိပါသည်။ ပြောစရာများစွာရှိလာ သောကြောင့် ဤပို့(စ)ကိုရေးသားလိုက်ရပါသည်။ ဗွီဒီယိုဖိုင်တွင်စာတမ်းထိုး ဘာသာပြန်ထားသည့် စာများကို ကူးယူ၍ တစ်ချက်ချင်းစီ၊ တတ်နိုင်သလောက်စိစစ်ရေးသားပါမည်။ (ဗွီဒီယိုဖိုင်မှ စာတမ်းများနှင့် တရုတ် CPI ပြောသည်များကို စာလုံးအမည်းဖြင့် ဖော်ပြလိုက်ပါသည်။)
[တရုတ် = မြန်မာပြည်တွင်လာရောက်သွေးစုပ်ချယ်လှယ်နေသော တရုတ်နိုင်ငံသားများ]
Myitsone1
ယခု Video သည် ၂၀၁၂ ခုနှစ် ဧပြီလ ၁၈ - ရက်
မြစ်ဆုံအနီးရှိ အောင်မြင်သာစံပြကျေးရွာတွင်ကျင်းပခဲ့သော တရုတ်နိုင်ငံလျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း CPI နှင့် မြစ်ဆုံရေကာတာကြောင့် အဓ္ဓမရွှေ့ပြောင်းခံရသော ရွာသားများတွေ့ဆုံခဲ့သည့် အစည်းအဝေးကို မှတ်တမ်းတင် ရိုက်ကူးထားပါသည်။
မင်္ဂလာနှစ်သစ်ပါ…၊ ရောက်ရှိလာတဲ့ ရွာသူရွာသားအားလုံးကို ကြိုဆိုပါတယ်
- ရွာသူရွာသားတွေကို သူတို့ကကြိုဆိုစရာမလိုပါဘူး။ အမိမြေပေါ်မှာ တိုင်းတစ်ပါးက ခေတ်သစ် နယ်ချဲ့တွေရဲ့ ကြိုဆိုခံရတာခံပြင်းစရာကောင်းပါတယ်…။ ကြိုဆိုတယ်လို့ပြောစရာမလိုပါဘူး။ နိမ့်ကျတဲ့ စိတ်ဓာတ်နဲ့ ကိုယ်ရောက်နေတဲ့နေရာဟာ အခြားနိုင်ငံတစ်ခုကတိုင်းရင်းသားတို့ရဲ့ နယ်မြေဆိုတာကို အသိစိတ်မရှိလောက်အောင် လူမဆန်တဲ့ ကြိုဆိုနှုတ်ဆက်မှုပါ။ အဲဒီပြည်နယ်က ကချင်ပြည်နယ်၊ ကချင်တိုင်းရင်းသားတို့ရဲ့မြေ၊ နောက်ဆုံး သူတို့အစည်းအဝေးလုပ်ဖို့ ရွာသားတွေကို ဆင့်ခေါ်တဲ့နေရာတောင် မြန်မာပြည်က ကချင်တိုင်းရင်းသားတို့ ပိုင်တဲ့နေရာ။ လာရတဲ့သူတွေက သူတို့နဲ့ စစ်အာဏာရှင်တွေပေါင်းပြီး၊ မောင်းထုတ်ခဲ့တဲ့ ရွာသူရွာသားတွေ…။
ကျနော်တို့ CPI က ကချင်ပြည်နယ်ဝန်ကြီးများ၊ မြစ်ကြီးနားမှအခြားခေါင်းဆောင်များနှင့် အတူ - သင်္ကြန်ရေကစားပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ လူတွေတော် တော်ပျော်ကြသလို ကျွန်တော်တို့လည်း ပျော်ပါတယ်..။
- ငွေကြေး၊ စစ်လက်နက် နဲ့ တပ်မက်စရာလက်ဆောင်ပေးကမ်းမှုများနှင့် စစ်အာဏာရှင်တွေကို ခါးပိုက်ဆောင်လုပ်ထားတဲ့ တရုတ်တွေဟာ မြန်မာပြည်တွင်းမှာ ချယ်လှယ်စိုးမိုးနေကြပါပြီ။ စီးပွားရေးတွင် စစ်အာဏာပိုင်များနှင့်ပူးပေါင်း၍ မြန်မာ နိုင်ငံသားများကို ဂုတ်သွေးစုပ်လျက်ရှိသည်။ ရိုးရာယဉ်ကျေးမှုတွင် ပါဝင်ဆင်နွှဲလိုပါက မည်သူကိုမဆိုဖိတ်ခေါ်ပါမည်။ သင်္ကြန်တွင် ကျွန်တော်တို့လည်း ပါဝင်ဆင်နွှဲခဲ့တယ် ဆိုတာကို ခုတုံးလုပ်ပြီး၊ အခြားအကျိုးအမြတ်တို့ကိုရသမျှယူမည့် ပုံစံမျိုးနှင့်ဆိုလျှင်တော့ မည်သို့မှ လက်ခံ၍မရပါ။

Selling Burma
ဒီနေရာမှာ ခင်ဗျားတို့နဲ့တွေ့ဆုံရတာ ရည်ရွယ်ချက်ရှိပါတယ်။ ပထမအချက်အနေနဲ့ ခင်ဗျားတို့အောင်မြင်သာစံပြကျေးရွာကို ပြောင်းရွှေ့နေထိုင်လာတာ တစ်နှစ်ရှိပါပြီ။ ကျွန်တော်တို့အပေါ်ထားရှိတဲ့ ခင်ဗျားတို့ရဲ့အမြင်နဲ့ အကြံဉာဏ်တွေကို ကြားချင် ပါတယ်။ ဒုတိယအချက်အနေနဲ့ - ခင်ဗျားတို့ ဒီရွာမှာ စနေထိုင်လာကတည်းက - အကူညီတွေ၊ အထောက်အပံ့တွေလိုအပ် တယ်ဆိုရင် ပြည်နယ်အစိုးရကို ကျွန်တော်တို့ကူပြောပေးပါမယ်…။
ရွာသူရွာသားများ၊ ကချင်ပြည်သူများနဲ့ မြန်မာတစ်ပြည်လုံးကပြည်သူများ အနေနဲ့ ပြောရမယ်ဆိုရင်တော့ - ခင်ဗျားတို့အပေါ်ထားရှိတဲ့ အမြင်ကရှင်းပါတယ်..။ ခင်ဗျားတို့ဟာ မြန်မာပြည်ထဲကို ကျူးကျော်လာတဲ့ လောက်ကောင်တွေပါ။ အကြံဉာဏ်ကတော့ မြစ်ဆုံကို အပြီးပိုင် ဖျက်သိမ်းပြီး၊ ပြန်ကြရင်အကောင်းဆုံးပါလို့ အကြံပြုချင်ပါတယ်….။ ရွာသားတွေဟာ သူတို့နေထိုင်လာခဲ့တဲ့ ဘိုးဘွာပိုင်အမွေအနှစ်နေရာဒေသကနေ မောင်းထုတ်ခံခဲ့ရပြီးပြီ။ မြန်မာပြည်မှာ မွေးတဲ့ မြန်မာနိုင်ငံတိုင်းရင်းသားတွေဟာ အကူညီလိုရင်၊ လိုအပ်ရင် သူတို့ တိုင်းပြည်ခေါင်းဆောင်တွေကို တိုက်ရိုက်တောင်းလို့မရတော့ဘူး လား…။ မြန်မာပြည်သူပြည်သားတို့အနေနဲ့ - ကျနော် ကျမတို့တော့ ဒါလေးတွေ ဖြစ်ချင်လို့ အစိုးရလူကြီးတွေကို ပြောပေးပါ… အကူညီတောင်းပေးပါ… ကယ်ပါ.. ဆိုပြီး၊ ဒီတရုတ်တွေကို ရှိခိုးဦးတင်ရမယ့်အခြေအနေထိ၊ တရုတ်တွေကနေတစ်ဆင့် အကူညီတောင်းမှဘ၀လှပရမယ့်ထိ၊ မြန်မာနိုင်ငံသားတွေရဲ့ဘ၀က အဖြစ်ဆိုးနေပြီလား..။ ဆိုးနေပါပြီ..။ အားလုံးသိကြပါ…။
မြစ်ဆုံစီမံကိန်းတည်ဆောက်ဖို့တရားဝင်ထုတ်ပြန်တဲ့ ကုန်ကျစရိတ်တွေအပြင် တရုတ်တွေက တပ်ချုပ်ကြီးသန်းရွှေနဲ့ ရှစ်လုံး(ခေါ်)တင်အောင်မြင့်ဦးကို ပါးစပ်မဟနိုင်အောင် ဒေါ်လာသန်းပေါင်းများစွာခွံ့ခဲ့ပြီးပါပြီ။ ဒါအပြင့် စစ်အရာရှိများ၊ စစ်ဗိုလ်ပေါက်စများအားလုံး တရုတ်မှ တရုတ်ဖြစ်နေအောင် ကျွေးမွေးခွံ့ထားပြီးဖြစ်၍၊ တရုတ်တွေက …. ခင်ဗျားတို့အကူညီလိုရင် ကျနော်တို့ပြောပေးမယ်ဆိုပြီး၊ ပြောနေတာပါ…။ မြစ်ဆုံစီမံကိန်းကို တရုတ်တွေက ဖြစ်အောင်လုပ်မှာပါ…။ သူတို့ကုန်ကျထားတဲ့ ငွေကြေးတွေနစ်နာရင် မြန်မာပြည်ကိုတောင် ပြဿနာရှာလာတော့မှာပါ..။

Myitsone2
နောက်ပြီးကချင်ပြည်နယ်ဆိုတာ
ကချင်တိုင်းရင်းသားတို့ရဲ့နယ်မြေပါ…။ မြစ်ဆုံဆိုတာ
တန်ဖိုးဖြတ် မရတဲ့ နေရာလေး တစ်ခုပါ။ မြစ်ဆုံပျက်ရင် ဧရာဝတီသေမယ်…။
ဒါကျနော်တို့ အားလုံး သိကြ ပါတယ်…။ မြစ်ဆုံကိုရပ်ဆိုင်းလိုက်တဲ့နောက်
တရုတ်တွေက နိုင်ငံတကာကြားအောင် အော်ခဲ့ ကြတယ်…။ မေခမြစ်က
တရုတ်ပြည်ထဲကမြစ်ဖျားခံတယ်ဆိုတဲ့
ကမ္ဘာပထ၀ီမှာမပါတဲ့… တရုတ်ပထ၀ီ… ဗွီဒီယိုဖိုင်တောင်
သတင်းမီဒီယာတွေမှာပြန့်ခဲ့ပါတယ်…။ ရှစ်လုံးက
တရုတ်ပြည်ကို သွားဆွေးနွေး လိုက်တာနဲ့ တရုတ်တွေ အသံတိတ်သွားတယ်…။
အခုပြန်စလာပါပြီ…။
လုပ်တာတော့ လုပ်နေမှာပါ…။ ကျနော်တို့ မသိကြတာပါ…။ နောက်ပြီး…
မြစ်ဆုံစီမံကိန်းကြီးကို တစ်ပြည်လုံးအားလုံး
အရေးစိုက်တဲ့ အချိန်မှာစီမံကိန်းကြီးက ၄၀ % တောင်ပြီးနေပါပြီ။
တောင်တွေဖြိုပြီးပါပြီ။ တရုတ်တွေ မြန်မာ့မြေ ပေါ်မှာ
လောက်ကောင်တွေလိုထိုးဝင်ဖောက်တူးနေတာ ဘာကြောင့်ပြည်သူတွေ အသိနောက်ကျတာလဲ…။
သတင်းတွေ၊ အသိတွေထုတ်ပြန်ဖို့ ဘယ်သူမှာတာဝန်ရှိသလဲ…။ ခုလို
ဘယ်လိုမှ နောက်ဆုတ်လို့ မဖြစ်နိုင်တဲ့ အခြေအနေတွေရောက် နေတော့မှ၊
ပြည်နယ်အရေး၊ နိုင်ငံအရေးဆိုပြီး… လုပ်နေကြရပါပြီ…။
အမျိုးကိုစောင့်ပါ…။ တရုတ်တွေရဲ့ ပေးကမ်းမှုကိုလက်ခံခဲ့ရင်၊ ခုလိုအဖြစ်မျိုးတွေကြုံနေရတယ်ဆိုတာ အားလုံးမျက်မြင်ပါ…။ ပေးကမ်းမှုတွေကို ဘယ်သူတွေ လက်ခံခဲ့ကြသလဲ။ ရတာတစ်ခုတည်းကိုမြင်ပြီး နောက်ဘာဖြစ်လာမလဲဆိုတာ မတွေးဘဲငြိမ်နေခဲ့ကြတာ ဘယ်သူတွေလဲ။
ကျွန်တော်တို့ ဒီစီမံကိန်းစလုပ်တဲ့ အချိန်တုန်းက ပြောင်းရွှေ့ခံရတဲ့ ရွာတွေအတွက် နောက်ဆက်တွဲ အစီအစဉ်တွေရှိပါတယ်။ ဒါပေမယ့် သမ္မတကြီးက ဒီစီမံကိန်းကို ရပ်ဆိုင်းလိုက်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ဆက်မလုပ်နိုင်တော့ပါဘူး။ ပြဿနာက ခင်ဗျားတို့ရရှိထားတဲ့ လယ်မြေတွေက ရွာနဲ့အရမ်းဝေးနေတယ်…။ ဒါကြောင့် လယ်လုပ်ငန်းအတွက် လိုအပ်တဲ့ရေကို ဆည်မြောင်းဖောက်ပေးဖို့အစီအစဉ် ရှိခဲ့တယ်…။ ဒါပေမယ့် ခုတော့အခြေအနေတွကို စောင့်ဆိုင်းရပါလိမ့်မယ်…။
ကမ္ဘာပေါ်မှာ ဆည်တွေ၊ ရေကာတာတွေ များစွာတည်ဆောက်ခဲ့ကြပါတယ်…။ ဆည်ဆိုတာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တည်ဆောက်တာဖြစ်ပေမယ့် အများစုကတော့ လျှပ်စစ်ဓာတ်အား အတွက်ပါ..။ မြစ်ကို အမှီပြု၊ မြစ်ကိုဖြတ်ပြီး၊ ဆည်တွေ တည်ဆောက်ကြပါတယ်..။ ဒါကြောင့် မြစ်ကို အမှီပြုအသက်မွေးနေတဲ့ မြစ်ကြောင်းတစ်လျှောက်က ဒေသခံတွေဟာ၊ ဆင်းရဲဒုက္ခရောက်ကြရတယ်…။ သတ္တ၀ါတွေ၊ မျိုးစိတ်တွေ မျိုးတုန်းကြရတယ်..။ ရောဂါဆန်းတွေ ဖြစ်လာတယ်..။ ဆည်ကြောင့် ပြောင်းရွှေ့ခံရတဲ့၊ ရွာတွေကိုတစ်ခုခု ပြန်ပေးရုံနဲ့ မြစ်ကြီးတစ်ခုလုံးကို သတ်လိုက်တဲ့ လျော်ကြေး ကျေသွားတယ်လို့ မဆိုနိုင်ပါဘူး…။ ဆည်တွေတည်ဆောက်တဲ့ အခါမှာ အစိုးရနဲ့ ဆည် တည်ဆောက်သူတွေဟာ ပြောင်းရွှေ့ခံရတဲ့သူတွေကို ကတိတွေ ပေးကြပါတယ်..။ နောက်ပိုင်းမှာ ကတိအားလုံးနီးပါး ဖောက်ဖျက်ကြပါတယ်…။ မည်သည့်အာမခံချက်မှ မရှိပါဘူး။ ပြောင်းရွှေ့ခံရတဲ့ ရွာတွေဆိုတာ အစိုးရနဲ့ ဆည်တည်ဆောက်သူတွေ ပြုသမျှနုရမှာပါ..။ ဆည်တည်ဆောက်နေစဉ်ကာလမှာ ရွာသူရွာသားတွေကို တတ်နိုင်သလောက်ကူညီပေမယ့်၊ တည်ဆောက်ပြီးချိန်မှာ၊ အဲဒီအခွင့်အရေးတွေ ဘာမှမရတော့တဲ့ သာဓကတွေရှိပါတယ်…။
လယ်တွေကိုနေတဲ့နေရာနဲ့ဝေးနေတာက ပြဿနာဖြစ်စေတာမှန်ပါတယ်…။ တရုတ်တွေမှာ ရွာသားတွေအတွက် ဆည်မြောင်းဖောက်ပေးဖို့ အစီအစဉ်ရှိခဲ့တာပဲ။ အစိုးရက ရပ်လိုက်လို့ မလုပ်နိုင်တော့ဘူး… ဆိုတော့ရွာသားတွေရဲ့ လယ်တွေရေမရတာ… အစိုးရက ဆည်ဆောက်တာ ရပ်ထားလို့… ဆည်ဆက်လက်ဆောက်နိုင်ရင် ရွာသားတွေ အခက်ခဲကို ဖြေရှင်းပေးနိုင်မယ်… အဲဒီလိုဆိုလိုချင်တာပါ..။ တရုတ်ဆိုတာ မြန်မာပြည်နဲ့ပတ်သက်ဆက်ဆံခဲ့တာ ကြာပါပြီ။ သမိုင်းမှာ သူတို့ကြောင့် မြန်မာပြည်သူတွေအတွက်ကောင်းကျိုးတစ်ခုမှ မဖြစ်ခဲ့ပါဘူး…။ အကောင်းဆုံးက တရုတ်တွေမြန်မာပြည် မြစ်ဆုံကနေအားလုံးရုပ်သိမ်းသွားရင် အကောင်းဆုံးပါပဲ…။

Myitsone3
နောက်ထပ် အစီအစဉ်တစ်ခုကတော့ ရေကာတာဆောက်လုပ်နေတဲ့အချိန်မှာ ရွာကလူတွေအလုပ်ရဖို့အတွက်၊ ဒီစီမံကိန်းမှာ ၀င်ရောက်လုပ်ကိုင်နိုင်တယ်။ ရပ်ဆိုင်းလိုက်တဲ့အတွက် ပြန်စီစဉ်ဖို့ဆိုတာ ခက်ခဲနေပါတယ်..။
ရေကာတာဆောက်လုပ်ခံရတဲ့နိုင်ငံတွေဟာ အများအားဖြင့် သဘာဝသံယံဇာတနှင့် ရေမြေတောတောင် သဘာဝလှပတဲ့ နိုင်ငံတွေဖြစ်ပါတယ်..။ စက်မှုတိုးတက်ပြီးနိုင်ငံတွေဟာ လျှပ်စစ်ဓာတ်အား စွမ်းအင်လိုအပ်တာကြောင့် ပတ်ဝန်းကျင်က မြစ်ချောင်းပေါများတဲ့ နိုင်ငံတွေမှာ ဆည်တွေဆောက်ပြီး၊ လျှပ်စစ်ထုတ်ဖို့ အာဏာရှင်တွေ အစိုးရတွေကို အပိုင်စည်းရုံးပြီး၊ လုပ်ဆောင်ကြပါတယ်..။ အဆိုးဆုံးက တရုတ်နိုင်ငံပါ…။ ဆည်ဆောက်ဖို့အတွက် နည်းပညာကျွမ်းကျင်သူများကို သူတို့ခေါ်လာခဲ့ပေမယ့်…၊ အောက်ခြေအလုပ်သမားတွေကို သူတို့နိုင်ငံကနေခေါ်ဖို့ဆိုတာ သူတို့အနေနဲ့တွက်ခြေ မကိုက်ပါဘူး။ ဒါကြောင့် လုပ်သားပေါတဲ့ ဆည်ဆောက်တဲ့နိုင်ငံက လုပ်သားတွေကို လုပ်ခအနည်းငယ်နဲ့ ခိုင်းကြပါတယ်..။
ဒါဟာဘယ်လိုမှ ကျေးဇူးတင်စရာမရှိပါဘူး…။ တရုတ်တွေဆည်ဆောက်လို့ ဒေသခံတွေ နေရပ်ကို စွန့်ကြရတယ်..။ နေရာအသစ်မှာ အဆင်မပြေမှုများစွာနဲ့ အသက်မွေးနေကြရတယ်…။ အဲဒါကို ကူညီချင် ပါတယ်..၊ အစိုးရရပ်ထားလို့ပါ..၊ ပြန်ဆက်လုပ်ရင် အလုပ်အကိုင်ရဖို့အတွက်တောင် စီစဉ်ပေးဦးမယ် ဆိုတဲ့ ပြောဆိုချက်တွေအရ..၊ တရုတ်တွေဟာ.. အရမ်းစိတ်ဓာတ်နိမ့်ကျပြီး၊ သူတို့အကျိုးအတွက် ကမ္ဘာကြီးနဲ့ ပတ်ဝန်းကျင်အရေးကိုတောင် တစ်လွှာချင်း၊ တစ်လွှာချင်း အခွံနွှာပစ်ဦးကြဦးမှာပါ…။
အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်...။
Ref: www.demowaiyan.org/
နွားကျောင်းသား (Friend Ever)
by Ever Friend on Friday, May 11, 2012 at 4:36pm ·
No comments:
Post a Comment