သုည sssss4038@gmail.com မှ မှော်ဆရာ ဂရုပ်သို့ ပေးပို့ သော မေး မှ ကူးယူဖော်ပြပါသည်။
စာဖတ်သူဟာ လုပ်ငန်းရှင် တစ်ယောက်လား၊ ဒါမှမဟုတ် စားသုံးသူ တစ်ယောက်လား
ယခု ကျွန်တော်ပြောမယ့်စကားကို စဉ်းစားကြည့်ကြရအောင်ဗျာ ..........
ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဟာ စားသောက်ဆိုင်တွေ လျှောက်ဖွင့်ပြီး သူဌေးဖြစ်နေတယ်။ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦး၊ ချောင်းသာနဲ့ နေပြည်တော်မှာ သူ့ဆိုင်တွေရှိတယ်။ သူ့ဆိုင်တွေကို ကျွန်တော် မရောက်ဘူးပါဘူး။ သူ့ဆိုင်တွေအကြောင်းလည်း မပြောဖူးပါဘူး။ ဒီလိုနဲ့ ... သူ ...ကျွန်တော်တို့ ရပ်ကွက်က ဂေါက်ကွင်းတစ်ခုမှာ စားသောက်ဆိုင်ဖွင့်ခွင့် ရခဲ့တယ်။အဲဒီ စားသောက်ဆိုင်ကလည်း အောင်မြင်တာပါပဲ ... မြတ်တယ် ... အမြတ်ကောင်းတယ်ပေါ့ဗျာ။မဟုတ်ရင် ကျွန်တော်က မသိပါဘူး ... ဒီကောင် အဲဒီဆိုင်ကိုသွားတိုင်း ကျွန်တော့်ကို ၀င်ဝင်ခေါ်တယ်ဗျ။
သူက အဲဒီဆိုင်ကို တစ်ပတ်တစ်ခါပဲ လာတယ်။တခြားဆိုင်တွေကိုလည်း တခြားရက်တွေမှာ သွားတယ်နဲ့ တူပါတယ်။ကျွန်တော်က စီးပွားရေးသမားမဟုတ်တော့ ဒါတွေကို နားလည်းမလည်ပါဘူး။
“မင်းဆိုင်တွေကက စိတ်ချရသလားကွ” ဆိုတော့ သူက ရိုးရိုးပဲဖြေတယ်။
“စိတ်ချရပါတယ်” တဲ့ … “စိတ်ချရအောင် ဖန်တီးထားရတာပေါ့” တဲ့ …
“နံပါတ်(၁) ကိုယ့်အလုပ်သမားတွေကို ……………………………………………………..
………………………………………………………"
သူကတော့ နံပါတ်တွေတပ်ပြီး ပြောတာပါပဲဗျာ။
ကျွန်တော်နားလည်လိုက်တာကတော့ အလုပ်ရှင်ရော အလုပ်သမားရော
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ယုံကြည်မှု့ ရှိကြတာပဲဗျာ …
ဒါကို ကျွန်တော် ကောင်းကောင်းခံစားမိလိုက်တယ်
ဒီနေရာမှာ အကောင်းဆုံး စကားလုံးဟာ “စိတ်ချရတယ်” ဆိုတဲ့ စကားလုံးပဲ
အလုပ်ရှင်က သူ့အလုပ်သမားကို စိတ်ချရတယ်
ပစ္စည်းခိုးမှာ … လူလည်လုပ်မှာ … ယုတ်စွအဆုံး … လခကောင်းရင်ကောင်းသလို ပါသွားမှာ
ဒါမျိုးတွေ မရှိပဲ "ကောင်းကောင်းမွန်မွန်၊ ကျေကျေနပ်နပ် လုပ်နေမှာ" …
လို့ … စိတ်ချရတာ
အလုပ်သမားဘက်ကလည်း … သူ့အလုပ်ရှင်ကို စိတ်ချတယ်
လခမပေးပဲနေမှာ … လခနည်းတဲ့လူကို အစားထိုးမှာ … အလုပ်ပိုခိုင်းမှာ
ဒါမျိုးတွေ မရှိပဲ ကိုယ့်အလုပ်သမားကိုယ် တန်ဖိုးထား မြတ်နိုးလို့ …
"ကျေကျေနပ်နပ် ခန့်အပ်ထားမှာ … ယုံယုံကြည်ကြည် ခိုင်းနေမှာ" ... လို့ … စိတ်ချရတယ်
………………………………………………………………..
ဟုတ်ပါတယ်ဗျာ … တကယ်တော့ စိတ်ချရတယ်ဆိုတာ လိုအပ်တဲ့ ကိစ္စတစ်ရပ်ပါ။
မကျမ်းမာလို့ ဆေးကုသရမယ့် လူနာတစ်ယောက်ဟာကိုယ်ပြသမယ့် ဆရာဝန်ကို၊ ဆေးခန်းကို၊ အထူးကုဆေးခန်းကို စိတ်ချရမှ ဖြစ်မှာပါ။(လူနာကလည်း ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးသောက်၊နေထိုင် လုပ်ဖို့ ... စိတ်ချရဖို့ လိုတာပါပဲ...)
ပညာသင်ယူဖို့အတွက် ကျောင်းအပ်နှံမယ့် ကျောင်းသားတစ်ဦးအတွက် ကိုယ်အပ်နှံမယ့် ဆရာကို၊ ကျူရှင်ကို၊ ကျောင်းကို စိတ်ချရမှ ဖြစ်မှာပါ။(ကျောင်းသားကလည်း ကိုယ့်တာဝန်ကိုယ်ကျေဖို့ ... စိတ်ချရဖို့ လိုတာပါပဲ ..)
ကုန်စည်တစ်ခုခု ၀ယ်လိုတဲ့ ဈေးဝယ်သူဟာ ကိုယ်ဝယ်မယ့် ကုန်စည်ကို ရောင်းချတဲ့ ဈေးသည်ကို၊ ဈေးဆိုင်ကို၊ စူပါမားကတ်ကို၊ ရှော့ပင်းမောကို စိတ်ချရတော့ ကောင်းတာပေါ့။ သတင်း ၀လင်းတွေ၊ တခြားအကြောင်းအရာ ဘာပဲဖြစ်ဖြစ် သိချင်ဖတ်ချင်လို့ဂျာနယ်တစ်စောင် ၀ယ်မလို့ဆို စိတ်ချရတဲ့ နာမည်နဲ့ လိုက်မှာပဲ မဟုတ်လား။
အိမ်မှာ ဖျော်ဖြေမှု့ကဏ္ဍအတွက် Entertainment လိုင်းတစ်ခုခု တပ်ဆင်မလို့ဆို အဖိုးအခရော၊ တင်ဆက်မှု့အရရော စိတ်ချရတာ ရွေးကြမှာပါပဲ။ဒါကြောင့် ကျွန်တော့်အမြင်အရတော့ စိတ်ချရဖို့ဟာ လိုအပ်မှု့တစ်ခုပဲလို့ …။
ဒီနေရာမှာ အပြန်အလှန် စိတ်ချရတာကို ဆိုလိုတာပါ။စိတ်ချရတာကို စကားလုံးတွေ ခွဲကြည့်ရင်တော့
သူတို့နဲ့ ပတ်သက်ရတာ စိတ်ချမ်းသာရတယ်၊ ပြဿနာ မရှိဘူး၊နောက်ကြောင်းရှင်းတယ်၊ မျက်လုံးဒေါက်ထောက် ကြည့်မနေဘူး၊ဆရာကြီး လာလုပ်မနေဘူး၊ …စသဖြင့်တွေ ဖြစ်မှာပါပဲ ….။
လုပ်ငန်းတစ်ခု အနေနဲ့ အလုပ်ရှင်နဲ့ အလုပ်သမား အပြန်အလှန် စိတ်ချရမှအဲဒီလုပ်ငန်းဟာ သိက္ခာရှိတဲ့ လုပ်ငန်းဖြစ်မယ်ထင်ပါတယ် ...
တစ်ယောက်ကိုတစ်ယောက် စိတ်မချနေရရင် နှစ်ဦးနှစ်ဘက် သိက္ခာကျတာ မဟုတ်လား ...။

No comments:
Post a Comment