Saturday, May 19, 2012

မိုးခါးရည်

မင်္ဂလာပါ
ခွန်းချိုသာတဲ့ သာလိကာရဲ့  အသံမှာ အက်ရှရှ
ဘလိတ်ဓားတစ်စင်း ပါးပါးလှီးခံနေ၇ ကောက်နှံတိုင်း သွေးမထွက်ဘူး.
တစ်ဆိတ်အနံ့ ပြင်းလွန်းတယ်
မင်းခန္ဒာကိုယ်မှာ လောင်နေတဲ့ သားငံ၇ည်
မျိုချတိုင်းအသံမြည်တယ်.
တောက်.......

တောက်.........
တောက်..........
တစ်တိ..တိ..ကြွက်သားဖုထစ်မှုမှာ
မြင်းကောင်ရေ အသွေးကျကျ အစာသွပ်ထားရဲ့ 
အနေတော်ပုံစံခွက် တရားမျှတမှုနဲ့ 
ဒီခေါင်းလောင်းတို့ ကြည့်ပါလား

မျက်ဝန်းဟာ ဖျတ်ခနဲ ပိတ်သွားသလို သေသွားတယ်
ပြုံးပြုံးလေးနေရဲခဲ့မှ လတ်ဆတ်မှုနဲ့ နှာသီးဝ
ဝင်သက်ထွက်သက် မှာ ဘီးတပ်ယာဉ်မလိုဘူး ဒါဆို
ပိုနေတာတွေထုတ်ဖို့ပြင်တော့
ဒီအထုပ်ကြီးမှဖြစ်မှာဆိုပြီး..ထုတ်ပစ်လိုက်တာ
ဇတ်ပိုးမှာ ဘို့ထွက်သွားတယ်...
လှည့်မကြည့်တမ်းလှမ်းပြီးရင် ပြန်မလာနဲ့ တဲ့
မထိုက်တန်တဲ့နေရာကို ပန်းခွေမချခဲ့နှိုင်ဘူး
တူတစ်လှည့် ပေတစ်ခါစက်ဝန်းထဲ
ဆိုဒ်တွေခဏခဏလွဲ အငိုက်မိတယ်
တစ်ချက် တစ်ချက် ဝေါခနဲ
ငါ့အကိုင်းတွေ ဟိုပဲ့ ဒီပဲ့  ကျိုးပျက်ခဲ့တဲ့သီလ
ပေါက်သွားတဲ့နဖူးအတွက် အရူးဟာ တစ်မူးသာသလို
ထူးပြီးပိုရူလို့ေ၇ာ
မွန်းတည့်သွားတဲ့ ကိုယ့်အရိပ်က အရိုးထဲ တွန်ဝင်သွားပြိ
ခြေခါ လက်ခါ ဖုန်ဖက်ခါလဲ
ခေါင်းထဲက အလင်း ခေါင်းထဲရောက်မှဆို
ဒါ...သွေးကြောထဲထိုးသွင်းလိုက်တဲ့...........
မိုး.......
ခါး.............
ရည်.....။ ။





မြ

by Emerald Angel on Wednesday, May 16, 2012 at 7:51pm ·

No comments:

Post a Comment