ငါဟာ အပြင်းစားတောက်လောင်မှုတွေနဲ့
ခံစားမှုက ငါ့သစ္စာ...
ကဗျာက ငါ့ရဲ့ အဘိမ္ဓာ...
လက်သဲကြားထဲ အဲဒီ့ အဘိမ္ဓာတွေ ရိုက်ထည့်လိုက်
ဝါးထုတ်လိုက်...ထွေးထုတ်လိုက်နဲ့
သဲသောင်ပြင်မှာ သဲတွေနဲ့ မြို့တစ်မြို့
ထုဆစ်လိုက်တာ
အဲဒါ...ကဗျာဖြစ်သွားရော...ဟုတ်ရဲ့လားးးးး
သင်လက်ခံတာ သင့်တရားးး
ငါယုံကြည်ရာ အနုပညာ ...
အဲဒါ ကဗျာ....။
ဖောက်ထွက် ဖျက်ဆီးလိုက်တာလားးး
အနုပညာလွတ်လပ်ခြင်းလားးလွတ်လပ်ခြင်းအနုပညာလားးး
ရှိစေတော့...မငြင်းဆန်တော့ပါဘူးးးး
အရိပ်မရှာခဲ့တဲ့ ငါ့အနုပညာ
ခံစားမှုက နွေထက်ပြင်းပြ
ကဗျာက ခံစားမှု...ခံစားမှုက ကဗျာ..
အဲဒါ ငါ့သစ္စာ...။
ယုံကြည်ရာဖက်တွယ်မိမှ
အဲဒီ့နွေ..လောင်းရိပ်မိခဲ့မယ်ဆို
ကဗျာဟာ..ကဗျာဖြစ်ကြောင်း
ကျုပ် စာလုံးပေါင်းပြလိုက်မယ်...
အဲဒါ..ကဗျာ...။ ။
မိုးဆွေ
ခံစားမှုက ငါ့သစ္စာ...
ကဗျာက ငါ့ရဲ့ အဘိမ္ဓာ...
လက်သဲကြားထဲ အဲဒီ့ အဘိမ္ဓာတွေ ရိုက်ထည့်လိုက်
ဝါးထုတ်လိုက်...ထွေးထုတ်လိုက်နဲ့
သဲသောင်ပြင်မှာ သဲတွေနဲ့ မြို့တစ်မြို့
ထုဆစ်လိုက်တာ
အဲဒါ...ကဗျာဖြစ်သွားရော...ဟုတ်ရဲ့လားးးးး
သင်လက်ခံတာ သင့်တရားးး
ငါယုံကြည်ရာ အနုပညာ ...
အဲဒါ ကဗျာ....။
ဖောက်ထွက် ဖျက်ဆီးလိုက်တာလားးး
အနုပညာလွတ်လပ်ခြင်းလားးလွတ်လပ်ခြင်းအနုပညာလားးး
ရှိစေတော့...မငြင်းဆန်တော့ပါဘူးးးး
အရိပ်မရှာခဲ့တဲ့ ငါ့အနုပညာ
ခံစားမှုက နွေထက်ပြင်းပြ
ကဗျာက ခံစားမှု...ခံစားမှုက ကဗျာ..
အဲဒါ ငါ့သစ္စာ...။
ယုံကြည်ရာဖက်တွယ်မိမှ
အဲဒီ့နွေ..လောင်းရိပ်မိခဲ့မယ်ဆို
ကဗျာဟာ..ကဗျာဖြစ်ကြောင်း
ကျုပ် စာလုံးပေါင်းပြလိုက်မယ်...
အဲဒါ..ကဗျာ...။ ။
မိုးဆွေ
by Moe Swe on Wednesday, May 16, 2012 at 11:15am ·
No comments:
Post a Comment