Tuesday, May 29, 2012
ချစ်သူ့ထံပေးစာ(ချင်းပြည်မှ ရန်ကုန်သို့)
ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ
ချင်းမလေးဆီက စာကိုရတော့ ၀မ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။
စာထဲမှာပါတဲ့စာလုံးပေါင်းသတ်ပုံအမှားတွေ ၊စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့
စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့ ။
နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ
ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ် ။
ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)
ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က ခေါင်းပြတ်နေလို့လား) ။
ကိုယ်လုံး ဖ*******ကို ဂျားညှပ်ပြီး (ဖာကို ခေါင်းကြားညှပ်တာ..)
မျိုသွားပြီ ဆိုတာ သိတော့(မြို့သွားတာပါဟာ..ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ)
မီးလေ ဆိတ်ဆင်းရဲပြီးဆားမရ အိမ်မရ ဖြစ်နေတာ (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။

လယ်သမားနဲ့ ဂြိုဟ်သား..
တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမူအရာတွေနဲ့ စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။ လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။ ဂြိုလ်သားက ထပ်ပြီး

နတ်ပြည်မတက်တဲ့ အင်ဂျင်နီယာများ..(:P)
တစ်နေ့မှာ နတ်ပြည်က သိကြားမင်းနဲ့ ငရဲပြည်က ငရဲမင်းတို့ တွေ့ဆုံပြီး
နတ်ပြည်နဲ့ ငရဲပြည်ကိုတိုက်ရိုက်ဆက်သွယ်ပေးမယ့် အထူးအမြန်ရထားလမ်းကြီး တစ်လမ်းအမြန်ဖောက်ဖို့ သဘောတူသတဲ့..။
ကြားဘူတာ အနေနဲ့ လူ့ပြည်ကို သတ်မှတ်ပြီး နှစ်ဖက်ရဲ့ လမ်းဖောက်လုပ်ရေးရဲ့ ဆုံမှတ်ကလည်း လူ့ပြည်ပဲဖြစ်ပါတယ်တဲ့..။
ငရဲပြည်က ဖောက်လာတဲ့လမ်းပိုင်းနဲ့ နတ်ပြည်က ဖောက်လာတဲ့လမ်းပိုင်း နှစ်ဖက်ဟာ
အလယ်ဖြစ်တဲ့ လူ့ပြည်မှာ လာဆုံမယ် ဆိုပြီး သဘောတူကြသတဲ့..။
ဒီလိုနဲ့ ငရဲမင်းကြီးလည်း အားကြိုးမာန်တက်နဲ့ ဖောက်လိုက်တာ တစ်ပါတ်လောက်ကြာတော့ လူ့ပြည်ရောက်ဖို့ လမ်းခုလတ်ကို ရောက်လာရောတဲ့..။

စိတ်ချရတယ်
သုည sssss4038@gmail.com မှ မှော်ဆရာ ဂရုပ်သို့ ပေးပို့ သော မေး မှ ကူးယူဖော်ပြပါသည်။
စာဖတ်သူဟာ လုပ်ငန်းရှင် တစ်ယောက်လား၊ ဒါမှမဟုတ် စားသုံးသူ တစ်ယောက်လား
ယခု ကျွန်တော်ပြောမယ့်စကားကို စဉ်းစားကြည့်ကြရအောင်ဗျာ ..........
ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဟာ စားသောက်ဆိုင်တွေ လျှောက်ဖွင့်ပြီး သူဌေးဖြစ်နေတယ်။ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦး၊ ချောင်းသာနဲ့ နေပြည်တော်မှာ သူ့ဆိုင်တွေရှိတယ်။ သူ့ဆိုင်တွေကို ကျွန်တော် မရောက်ဘူးပါဘူး။ သူ့ဆိုင်တွေအကြောင်းလည်း မပြောဖူးပါဘူး။ ဒီလိုနဲ့ ... သူ ...ကျွန်တော်တို့ ရပ်ကွက်က ဂေါက်ကွင်းတစ်ခုမှာ စားသောက်ဆိုင်ဖွင့်ခွင့် ရခဲ့တယ်။အဲဒီ စားသောက်ဆိုင်ကလည်း အောင်မြင်တာပါပဲ ... မြတ်တယ် ... အမြတ်ကောင်းတယ်ပေါ့ဗျာ။မဟုတ်ရင် ကျွန်တော်က မသိပါဘူး ... ဒီကောင် အဲဒီဆိုင်ကိုသွားတိုင်း ကျွန်တော့်ကို ၀င်ဝင်ခေါ်တယ်ဗျ။
သူက အဲဒီဆိုင်ကို တစ်ပတ်တစ်ခါပဲ လာတယ်။တခြားဆိုင်တွေကိုလည်း တခြားရက်တွေမှာ သွားတယ်နဲ့ တူပါတယ်။ကျွန်တော်က စီးပွားရေးသမားမဟုတ်တော့ ဒါတွေကို နားလည်းမလည်ပါဘူး။
“မင်းဆိုင်တွေကက စိတ်ချရသလားကွ” ဆိုတော့ သူက ရိုးရိုးပဲဖြေတယ်။

မဟာဗျူဟာမြောက် လေညှင်း
သုည sssss4038@gmail.com မှ မှော်ဆရာသို့ ပေးပို့သော စာအား ပြန်လည်တင်ပြပါသည်။
မဟာဗျူဟာမြောက် လေညှင်း။
ရေကြီးတာလည်း စကားစပ်မိမယ်။
တောင်သမန်အင်းလည်း ပါရမယ်။
ဆည်ဖောက်တမံဆောက်တာလည်း ဖြစ်ရမယ်။
စစ်ပွဲတွေလည်း ငြင်းမယ်။
ဧရာဝတီလည်း ပတ်သတ်ရမယ်။
ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ
လင်းဇော်ထက်မှ မှော်ဆရာ မေးဂရုပ်သို့ ပေးပို့ သော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
မဇ္စိုမသတင်းဌာန. ၂၉ရက်နေ့ မေလ ၂၀၁၂ —- မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရှေ့လတွင် နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီးအတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်လိမ့်မည်။
မည်သည့် အတိုက်အခံ ခေါင်းဆောင်မျှ ထိုသို့သောဂုဏ်ပြုမှုမျိုးကို မရရှိခဲ့ဖူးသေး၍ ပင်ဖြစ်သည်။ လွန်ခဲ့သော လပေါင်း အတော်များများကပင် ထိုသို့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများ ပြည်တွင်းပြည်ပ မီဒီယာ များ၌ လွှမ်းမိုးနေခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များ မြန်မာပြည်သို့ လာရောက် လည်ပတ်ကြရာတွင်လည်း နေပြည်တော် ရှိ အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် သတင်းထက် သူနှင့် တွေ့ဆုံသည့် သတင်းက ပိုအရေးပါကာ မီဒီယာများ တွင် အသားပေး ဖော်ပြခြင်း ခံခဲ့ရသည်။ အချို့သော ဥရောပနိုင်ငံ ခေါင်းဆောင်များဆိုလျှင် အစဉ်အလာ သံတမန် ထုံးတမ်းများ ကိုပင် ဘေးချိတ်ကာ အိမ်ရှင် အစိုးရ ခေါင်းဆောင်များထက် သူ၏ အင်းယားကန် နံဘေး အိမ်တွင် ပိုမိုအချိန်ပေးကာ အသားပေး တွေ့ဆုံခဲ့ကြသည်။

ငါးမန်းစွယ်လိုလူများနှင့် ဘဝအတိုက်စားခံနေရသူများ
ခါတိုင်းလိုပင် ထွေလီကာလီစကားဝိုင်းလေးကို သောက်နေကျလက်ဖက်ရည်ဆိုင်သို့သွားကာ
လူစုံသည်နှင့် တပြိုင်နက် အစပြုလိုက်ကြ သည်။ လူငယ်လေးတွေချည်းစုပြီး
ဝိုင်းဖွဲ့ကာ ရယ်စရာလေးများ ပြောရင်း တဝါးဝါးတဟားဟားဖြစ်နေကြရာမှ
တစ်ယောက်သောသူ၏ စကားကြောင့် ရုတ်တရက် အားလုံး
တိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်။
“ကျွန်တော်ငယ်ငယ်က ရွာမှာနေတုန်းကပေါ့ဗျာ၊ နွေရာသီဆို
ခြံထဲမှာရှိတဲ့ သစ်ပင်ကြီးတွေရဲ့ ကိုင်းခြောက်ကြီးတွေကို မိုးတွင်း ကာလနဲ့
ဆောင်းအလွန်ထိ နှစ်ဥတုစာလောက် ထင်းအဖြစ် သုံးနိုင်အောင်
လိုက်ခုတ်လေ့ရှိတယ်။ ခြံက အကျယ်ကြီးဆိုတော့ ပင်စေ့လိုက်ပြီး
ခုတ်လိုက်တယ်ဆိုရင်ပဲ ဖူလုံသွားတယ်။ အဲလို ခုတ်လိုက်လို့ မြေကြီးပေါ်ကျလာတဲ့
အကိုင်းတွေကို ပေါက်ဆိန်နဲ့ခွဲလို့ရအောင် သင့်တော်ရုံ
အနေလေးတွေလောက်မှန်းပြီး တစ်ပိုင်းစီဖြတ်ရတယ်။ ပြောချင်တာက အဲဒီအခါမှာ
မဖြစ်မနေ သုံးရတဲ့အရာ တစ်ခုရှိတယ်။ အဲဒါ “လွှ”၊
ငါးမန်းစွယ်လို့ခေါ်တဲ့“လွှ”ပြဲ ဖစ်တယ်”
Monday, May 28, 2012
မြန်မာ့ နိုင်ငံသား အခွင့်အရေး အပိုင်းအစများ
ဖွံ့ဖြိုးပြီးနိုင်ငံသားတစ်ယော က် နဲ့တွေ့ဖူးတယ် ။ သြစီနိုင်ငံသားတစ်ယောက်ပဲ ဆိုကြပါစို့ ။
သူကဘာပြောလဲဆိုတော့ မင်းတို့မြန်မာနိုင်ငံမှာ ငါမကြားဖူးတာတွေအများကြီးကြား ရတယ် ။
ငါမကြုံဖူးတာတွေအများကြီး ကြုံဖူးရတယ်တဲ့ ။ နေရထိုင်ရတာလည်းကောင်းပါတယ် ၊ လူတွေကလည်း
သဘောထားကောင်းကြတယ် . . . တခုပဲဆိုးတယ်တဲ့ ။ မင်းတို့နိုင်ငံသားတွေက နိုင်ငံသားတစ်ယောက်
ရဲ့အခွင့်အရေးကို မရကြဘူးတဲ့ ၊ ဒီ့ထက်ဆိုးတာက နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ကိုတောင် ဘာမှန်း
မသိတဲ့လူတွေများတယ်တဲ့ ။ ဒီတော့မှ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးအကြောင်းကို အနုလုံပဋိလုံ
အသေအချာတွေးမိတော့တယ် ။
Saturday, May 26, 2012
တကယ်ပျင်းတက်ရဲ့လား (သို့) ပျင်းနည်းဋီကာ
by Naing Htoo Aung on Saturday, May 26, 2012 at 10:25pm ·

Tuesday, May 22, 2012
Saturday, May 19, 2012
နိဗ္ဗာန် ငရဲခန်း (သို့) မာဆတ်
အဲ့ဒီ ညနေ က
ပြင်းရှရှ ဖျော်ရည်ကို မြိုချ
သူငယ်ချင်းတစ်သိုက်နဲ့ စကားလက်ဆုံ အကျ
ခပ်ထွေထွေ ရီဝေေ၀ ယမကာ ဇတ်ကတယ် . . .
အတွေးအခေါ် လဲ မှုး
စကားတွေ လဲ မှုး
ရင်ဝထဲ မီးစ စူးသလို
ရုပ် နဲ့ နာမ် လဲ တချက်တချက်အခွာ
အချိန်ကြာလာတာနဲ့ အမျှ
အသိစိတ် မပါလာတော့ဘူး . . .
ပြင်းရှရှ ဖျော်ရည်ကို မြိုချ
သူငယ်ချင်းတစ်သိုက်နဲ့ စကားလက်ဆုံ အကျ
ခပ်ထွေထွေ ရီဝေေ၀ ယမကာ ဇတ်ကတယ် . . .
အတွေးအခေါ် လဲ မှုး
စကားတွေ လဲ မှုး
ရင်ဝထဲ မီးစ စူးသလို
ရုပ် နဲ့ နာမ် လဲ တချက်တချက်အခွာ
အချိန်ကြာလာတာနဲ့ အမျှ
အသိစိတ် မပါလာတော့ဘူး . . .
ဆက်သွယ်မှုဧရိယာပြင်ပမှာ ငိုသံတွေကြားနေရတယ်
ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုဟာ လူ့အသိုင်းအဝိုင်းမှာတော့ သိပ်ကိုလူသိနည်းလွန်းလှတယ်။
ဒါပေမဲ့ဒီဆိတ်ငြိမ်ရပ်ကွက်ဟာ လူတိုင်းနဲ့ပတ်သက်ဆက်နွယ်နေတယ်။
ထူးခြားတာက အဲဒီ့ဆိတ်ငြိမ်ရပ်ကွက်လေးမှာ ငိုသံတွေကြားနေရတယ်။
ငိုသံတွေတင်မကဘဲ တစ်ခါတစ်ခါ ခွေးတွေအူတတ်ကြတယ်။
ခြေသံတွေမကြားရဘူး။ လေတိုးသံကလွဲရင် တစ်နေကုန်တိတ်ဆိတ် ငြိမ်သက်လျှက်။
အဲလိုရပ်ကွက်လေးမှာ ငိုသံတွေကြားရတတ်တယ်။
ရောင်စုံအိမ်လေးတွေ တစ်ယောက်တစ်အိမ်နဲ့ အခင်းအကျင်း ကျနစွာ စီရီထားသလို။
တချို့က ခြံခတ်ကြတယ်။တချို့ကလည်း ခြံမခတ်ကြဘူး။
အိမ်ဆိုလို့ ကြီးကြီးမားမားလည်း မဟုတ်ကြ။
အဲဒါကြောင့် သူခိုး သူဝှက်ရန်တွေလည်း မကြောက်ရ။
ဒါပေမဲ့ထူးဆန်းတာက အဲဒီ့ရပ်ကွက်လေးမှာ ငိုသံတွေကြားရတတ်တယ်။

လောင်းရိပ်မိတဲ့ ကဗျာ
ငါဟာ အပြင်းစားတောက်လောင်မှုတွေနဲ့
ခံစားမှုက ငါ့သစ္စာ...
ကဗျာက ငါ့ရဲ့ အဘိမ္ဓာ...
လက်သဲကြားထဲ အဲဒီ့ အဘိမ္ဓာတွေ ရိုက်ထည့်လိုက်
ဝါးထုတ်လိုက်...ထွေးထုတ်လိုက်နဲ့
ခံစားမှုက ငါ့သစ္စာ...
ကဗျာက ငါ့ရဲ့ အဘိမ္ဓာ...
လက်သဲကြားထဲ အဲဒီ့ အဘိမ္ဓာတွေ ရိုက်ထည့်လိုက်
ဝါးထုတ်လိုက်...ထွေးထုတ်လိုက်နဲ့
မိုးခါးရည်
မင်္ဂလာပါ
ခွန်းချိုသာတဲ့ သာလိကာရဲ့  အသံမှာ အက်ရှရှ
ဘလိတ်ဓားတစ်စင်း ပါးပါးလှီးခံနေ၇ ကောက်နှံတိုင်း သွေးမထွက်ဘူး.
တစ်ဆိတ်အနံ့ ပြင်းလွန်းတယ်
မင်းခန္ဒာကိုယ်မှာ လောင်နေတဲ့ သားငံ၇ည်
မျိုချတိုင်းအသံမြည်တယ်.
တောက်.......
ခွန်းချိုသာတဲ့ သာလိကာရဲ့  အသံမှာ အက်ရှရှ
ဘလိတ်ဓားတစ်စင်း ပါးပါးလှီးခံနေ၇ ကောက်နှံတိုင်း သွေးမထွက်ဘူး.
တစ်ဆိတ်အနံ့ ပြင်းလွန်းတယ်
မင်းခန္ဒာကိုယ်မှာ လောင်နေတဲ့ သားငံ၇ည်
မျိုချတိုင်းအသံမြည်တယ်.
တောက်.......
Friday, May 18, 2012
ကဗျာဆေးရုံ
လူနာ(၁) ကဗျာပိုးဦးနှောက်ထဲဝင်ခြင်း
ဟေ့လူ ထ ထ ခေါ်မကြားအော်မကြားနဲ့ ကဗျာတောထဲမှာ ဘာ(ကဗျာ)မှန်း ညာ(ကဗျာ)မှန်းမသိဘဲ ဒီလောက် တောင်ပေတေပြီးနေခဲ့ရသလား ကြည့်စမ်း ကဗျာပူမိနေတာများ ခြစ်ခြစ်ကိုတောက်လို့ မျက်လုံးတွေလည်းကဗျာ နေတာပဲ တစ်ကိုယ်လုံးလည်းကဗျာနေတာပဲ အလို ခင်ဗျားမသိဘဲထွက်ကျလာတဲ့ မျက်လုံးထဲကအရည်တချို့ တောင်မှကဗျာလို့ပါလား ခင်ဗျားဗျာ ဒီလောက်ဖြစ်နေတာတောင်မှ ကဗျာစပ်ဆေးလေး
ကဗျာရေးခြင်းဖြင့်မိမိကိုယ်မိမိယုံကြည်မှုအပြည့်ရှိပါ
ကဗျာNet ကဗျာရှိမှကြာရှည်ခံမယ် ကဗျာနှင့်မေတ္တာပေါင်းစပ်ဝန်ဆောင်ပါ
ကဗျာသည်သာအမိ ကဗျာသည်သာအဖ ကဗျာဟိုတည် ကဗျာရွေးကောက်ပွဲ
ဖျားနာကိုက်ခဲခြင်းအတွက်ကဗျာဂျက်စစ်နံပါတ်တစ် ကဗျာလစဉ်သုံးပစ္စည်း
ကဗျာသဘောထား ကဗျာအားကိုးပုဆိန်ရိုးအဆိုးမြင်ဝါဒီများအားဆန့်ကျင်ကြ
ကဗျာMovie ကဗျာရေးဦးတည်ချက်၎ရပ် ကဗျာကွာစေ့ ကဗျာcaffee
လူမျိုးဘာသာမရွေးသုံးဆောင်နိုင်သောကဗျာ

Monday, May 14, 2012
တန်ဖိုး နှင့် ကျွန်မ ၁
``ညီမရေ ဘာယူဦးမှာလဲ´´
ဈေးသည် အစ်မကြီး၏ အမေးကို မဖြေဖြစ်သေးဘဲ ဘေးနားရှိ ဈေးဝယ်နေသော အန်တီကြီးကို သာ ငေး၍တွေးနေသော ကျွန်မကို အတူနေသူ ညောင်လေးပင်သူ ညီမငယ်မှ လက်တို့တော့မှ သတိပြန်ဝင်လာကာ ဘာမှ ထပ်မယူတော့ကြောင်းပြော၍ ဈေးထဲမှ အတွေးများ တစ်ပုံတစ်ပင်နှင့် အိမ်သို့ ပြန်ရောက်လာပါတော့သည်။ အိမ်ရောက်လာတော့ ညီမငယ်မှ ``အစ်မဈေးထဲမှာ ဘာဖြစ် သွားတာလဲ´´ ဟု သတိတရ ပြန်မေးလေရာ ကျွန်မ၏ အတွေးများကို ပြန်ပြောပြဖြစ်လေတော့သည်။
ကျွန်မ ငယ်ငယ်တုန်းက အမေ ( ကျွန်မတို့ တိုင်းရင်းသားတွေက မိခင်တွေကို အမေ ဟု ခေါ်လေ့ရှိသည်။ ရန်ကုန်မှာတော့ မေမေလို့ ခေါ်တာကို အကြားများသည်။ )ပြောဖူးတာကို မှတ်မှတ်ရရရှိနေတာ တစ်ခုပေါ့ ။ အဲဒီတုန်းက အမေနဲ့ ဈေးလိုက်သွားတုန်းက အမေဟာ ဈေးကို ဟိုဘက်ဒီဘက် အရင်လျှောက်ကြည့်၊ မေးကြည့်ပြီးမှ ဈေးဝယ်တတ်ပါတယ်။

Sunday, May 13, 2012
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍တရုတ်ကုမ္ပဏီ CPI အရာရှိများကအောင်မြင်သာစံပြကျေးရွာ၊ ရွာသူရွာသားများအားခေါ်ယူဆွေးနွေးမှု- ၁
မကြာသေးမီရက်ပိုင်းက အင်တာနက်စာမျက်နှာများနှင့် ဖေ့(စ)ဘွတ်စာမျက်နှာများပေါ်တွင် တရုတ် CPI အရာရှိများက အောင်မြင်သာစံပြကျေးရွာသူရွာသားများနှင့်ခေါ်ယူ စကားပြောခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုကို ကြည့်လိုက်ရသည်။ မြစ်ဆုံ စီမံကိန်းကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ပြီး၊ ဇာတိမြေကို ဆုံးရှုံးခဲ့ရသော အောင်မြင်သာ စံပြရွာသူရွာသားများကို တရုတ် CPI အရာရှိများ ပြောဆိုသည်များကို စာတမ်းထိုးပေးထားသောကြောင့် အလွန်ကျေးဇူးတင်မိပါသည်။ ပြောစရာများစွာရှိလာ သောကြောင့် ဤပို့(စ)ကိုရေးသားလိုက်ရပါသည်။ ဗွီဒီယိုဖိုင်တွင်စာတမ်းထိုး ဘာသာပြန်ထားသည့် စာများကို ကူးယူ၍ တစ်ချက်ချင်းစီ၊ တတ်နိုင်သလောက်စိစစ်ရေးသားပါမည်။ (ဗွီဒီယိုဖိုင်မှ စာတမ်းများနှင့် တရုတ် CPI ပြောသည်များကို စာလုံးအမည်းဖြင့် ဖော်ပြလိုက်ပါသည်။)
တွေ့ခဲ့သည် ကြုံခဲ့သည်.....

ဟဲလို....
"သား... မေမေပါ... သားဖေဖေဆုံးပြီ"
"ဗျာ"
အဲဒီလိုနဲ့ ရုံးက director တစ်ယောက်ကို ဖုန်းလှမ်းဆက် ကျန်တဲ့ director တွေကို mail လှမ်းပို့ပြီး ခွင့်တင်ပြီးတာနဲ့ တွေ့တဲ့အဝတ်ကောက်ထည့်ပြီး လေဆိပ်ကို ဆင်းခဲ့ပါတယ်
ဂိုးရှိုးနဲ့ ၃ရက်နေ့နံနက် ၉နာရီ flight နဲ့ရန်ကုန်ပြန်လာခဲ့ပါတယ်...
ရန်ကုန်ရောက်ရင် taxi ခရအောင်ဆိုပြီး လေဆိပ်မှာ ၁၀ဒေါ်လာ လဲခဲ့ရတယ်
Friday, May 11, 2012
ကျွန်တော်က ငှက်ညံ့ငှက်ဖျင်းတစ်ကောင်ပေါ့....
Saturday, May 12, 2012
ရာထူးဂုဏ်ရှိတဲ့ ဖခင်နဲ့
တက္ကသိုလ်ဆရာမတစ်ဦးရဲ့သားဖြစ်ရတာ တခြားသူ အတွက်တော့
ငွေဇွန်းကိုက်မွေးလာသူလို့ ဆိုကြလိမ့်မယ်။
ဒါပေမဲ့ ဒါဟာ ကျွန်တော့်အတွက် စိတ်ဖိစီးမှုတစ်ခုဖြစ်ခဲ့တယ်။ အကြောင်းက ဖေဖေ၊
မေမေတို့ရဲ့ ကောင်းမွန်တဲ့မျိုးရိုးဗီဇကို ကျွန်တော်အမွေမခံခဲ့လို့ပါပဲ။
(၂)နှစ်ခွဲသားအရွယ်ဆိုရင် တခြားကလေးတွေက စကားကို တီတီတာတာပြောတတ်နေပြီ၊ ကဗျာတွေ စာတွေရွတ်တတ်နေပြီ။ ဒါပေမဲ့ ကျွန်တော်မှာတော့
(၁)ကနေ (၁ဝ)အထိ သေသေချာချာ မရွတ်တတ်ခဲ့သေးဘူး။
Thursday, May 10, 2012
ကားတင်သွင်းလိုသူများ အတွက် ငွေစာရင်း ဖွင့်လှစ်ပေးရန် ညွှန်ကြားထားခြင်း မရှိ
The Voice Weekly
ရန်ကုန်၊ မေ ၁၀
ကားတင်သွင်းလိုသော မြန်မာနိုင်ငံသားတိုင်းကို နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်၍ ၂၀၀၇ မော်ဒယ်နှင့် အထက် ကားများ တင်သွင်းခွင့် ပြုမည်ဟု ပြည်ထောင်စု ဝန်ကြီးတစ်ဦးက မေ ၇ ရက်နေ့က ပြောကြားခဲ့သော်လည်း မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်များတွင် နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်ပေးရန် ညွှန်ကြားချက် မရောက်ရှိသေးကြောင်း အဆိုပါ ဘဏ်များထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။
ကားတင်သွင်းခွင့် မူဝါသစ်ထွက်ပေါ်လာပြီးနောက် ကားဝယ်ယူ တင်သွင်းလိုသူများမှာ

ဒုတိယသမ္မတသီဟသူရ ဦးတင်အောင်မြင့်ဦးဘာလို့နှုတ်ထွက်သလဲ?
ထိုအကြောင်းများက အဘယ်နည်း။
မင်းကိုကြယ်တွေစုံတဲ့ညတွေထက်ပိုချစ်တယ်
I Love You More Than Starry Nights
by Anonymous
(Somewhere on Earth)
(Somewhere on Earth)
I love you more than starry nights
Than candy and a cake
Than sugar plums and marshmallows
And clear blue lakes
Sunday, May 6, 2012
အငိုလွယ် အရှိုက်ခက်သော ကိုယ်ပိုင်ကျောင်းဥပဒေ
၂ဝ၁ဝ
နှစ်ဆန်းပိုင်းအချိန်လောက်ဖြစ်မယ်ထင်တယ် ပညာရေးလောကမှာ
သတင်းတစ်ခုစတင်ထွက်လာပါတယ်။ အဲဒါကတော့ ပြင်ပမှာသင်ကြားနေတဲ့ ကျူရှင်တွေ
ကိုယ်ပိုင်ကျောင်း
ထောင်ခွင့်ပေးတော့မယ်တဲ့ဆိုတဲ့အကြောင်းပါ။
ဒီကိစ္စနှင့်ပတ်သက်လို့ ကိုယ်ပိုင်ကျောင်းထူထောင်မယ့်သူတွေက စိတ်ဝင်တစားနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူအသီးသီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ အဖြေမပေးနိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ ကျောင်းဖွင့်ခါနီးအချိန်ရောက်တော့ ကိုယ်ပိုင်ကျောင်း ဖွင့်ခွင့်လိုင်စင်ကို ပညာရေးဝန်ကြီးဌာနမဟုတ်တဲ့ အဲဒီအချိန်က ဒေသဆိုင်ရာအာဏာပိုင်တွေဆီ လျှောက်ထားရမယ်ဆိုလို့ နီးစပ်သူတစ်ချို့ လက်သိပ်ထိုးလျှောက်လိုက်ကြတာ
Saturday, May 5, 2012
အသိပညာ ရဲ့ တန်ဖိုး ...
တစ်ယောက်
ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင်
ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေရှာမတွေ့ခဲ့ကြဘူး ။ တစ်နေ့မှာ စက်ပြင်သမားတွေက
သင်္ဘောအင်ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ် ကတည်းက တတ်ကျွမ်းခဲ့တဲ့
အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။
ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။
ခရမ်းချဉ်သီး ရောင်းတဲ့လူ
အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက်
မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက်
ပါတယ် …. သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး
လုပ်ပါတယ်.. ပြီးတော့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို
စမ်းသပ် စစ်ဆေး ပါတယ်…
စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက
ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း
လိပ်စာထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက
အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ်စ၀င်နိုင်မဲ့ ရက်ကို ဖြည့်ပြီး တို့ဆီကို ပြန်ပို့လိုက် ” လို့
ပြောပါတယ်..
ကောင်လေးက.....
နေ့ တိုင်းကို ပျော်ရွှင်သောစိတ်ဖြင့် ဖြတ်သန်းပါ
Wall Photos

မျက်စိ မမြင်သော လူငယ်လေး တစ်ယောက်သည် အဆောက်အအုံ ဘေးရှိ လှေကားတွင် သူ့  ခြေထောက်နားတွင်
ဦးထုပ်လေး တစ်လုံးချထားကာထိုင်နေသည်။ ထို့  နောက်လက်တွင်
'ကျွန်တော်
မျက်စိမမြင်ပါ။ ကူညီကြပါ။'
ဟူသော ဆိုင်းဘုတ် လေး ကိုင်ထားသည်။ ဦးထုပ်တွင်
အကြွေစေ့ အနည်း သာ ရှိသည်။
လူတစ်ဦး ဖြတ်သန်းသွားသည်။ သနားသွားကာသူ့  အိတ်ထဲက အကြွေအနည်းငယ်ကို ထည့်သည်။ ထို့  နောက် လူငယ်လေး ကိုင်ထားသော ဆိုင်းဘုတ်ကို ယူကာ စာသား အနည်း ပြင်ပြီး အားလုံး မြင်သာအောင် ပြန်ထားထား လိုက်သည်။
လူတစ်ဦး ဖြတ်သန်းသွားသည်။ သနားသွားကာသူ့  အိတ်ထဲက အကြွေအနည်းငယ်ကို ထည့်သည်။ ထို့  နောက် လူငယ်လေး ကိုင်ထားသော ဆိုင်းဘုတ်ကို ယူကာ စာသား အနည်း ပြင်ပြီး အားလုံး မြင်သာအောင် ပြန်ထားထား လိုက်သည်။
Thursday, May 3, 2012
အဆိုးကျော့သံသရာမှ လွတ်မြောက်ရာ
စာရေးဆရာ(ဦး)ကျော်ဝင်း. “အဆိုးကျော့သံသရာ”ဆိုသည့် စကားလုံးကို စတင်ကြားမိစဉ်ကတည်းက မိမိအတွေးကမ္ဘာ တွင် မုန်တိုင်းတခုအစပြုခဲ့သည်မှာ ယနေ့ထက်တိုင်ပင်၊ အဆိုးကျော့သံသရာဆိုသည်မှာ အဘယ် နည်း၊ မိမိတို့မျက်မှောက်တည် ရာတွင် ရှိပါ၏လော၊ ၄င်းအဆိုးကျော့သံသရာသည် မည်သည့်နည်းဖြင့် သန္ဓေတည်ခဲ့ သနည်း၊ အဆိုးကျော့သံသရာမှ ရုန်းထွက် နိုင်စရာထွက်ပေါက်သည် မရှိနိုင်ပြီလော၊ အဆိုးကျော့သံသရာမှ ထွက် မြောက်ရာလမ်းကြောင်း အစ သည် အဘယ်အရာနည်း၊
အခမဲ့ ပညာရေးနှင့် ကျွန်မ အတွေး . . . . . . . . . . . . . . . . . . မှားနေလား ?
``အမေ ဒီနှစ်ဆို သားကို ကျောင်းပြန်ထားမှာသေချာတယ်နော်´´
အသံလေးကြားလို့ လှည့်ကြည့်မိတော့ ကျွန်မအခု ငှားနေတဲ့ တိုက်ရဲ့ မြေညီထပ်မှာ ဖွင့်ထားတဲ့ လက်ဖက် ရည်ဆိုင်က ၀န်ထမ်းကောင်လေးပါ။ ရွာက သူ့အမေလာတော့ သူ့အမေနဲ့ တွေ့တဲ့ အချိန် မှာပြောနေတာလေး ကို ကျွန်မ ကြားမိလိုက်တာပါ။ ကလေးကိုတော့သိနေတာကြာပါပြီ။ ကလေးရဲ့ အမေကတော့ သူသားလေးကို လာတွေ့တာလို့တော့ သိရပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ဆီက မနက် အလုပ်ကိုလာရင်း လမ်း မှာ တွေ့မိတာလေးပါ။
အဲဒါကိုတွေ့လိုက်တော့ စိတ်ထဲ မှာ တွေးမိသွားတယ်။ အခမဲ့ ပညာရေးဆိုတာကိုပါ။ကျွန်မ မိသားစုလိုခင်တဲ့ ဦးလေးတစ်ယောက်ရှိတယ်။ သူ့မိသားစုက တတိယနိုင်ငံလို့ပြောလို့ ရတဲ့ နိုင်ငံမှာအခုတော့ ရောက်ရှိနေပါတယ်။ သူ့မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ်။ ကလေးနှစ်ယောက်လုံးက အခြေခံ ပညာ မူလတန်း ကလေးတွေလို့ ပြောရမှာပေါ့။
အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ စိန်ခေါ်မှုနှင့် လိုအပ်ချက်
“အလုပ်သမားအဖွဲ့အစည်းဥပဒေ”ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၇ အဖြစ် (၂၀၁၁ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတကလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သည်။ အဆိုပါဥပဒေပြဌာန်းရခြင်း၏ရည်ရွယ်ချက်များမှာ -
• အလုပ်သမားများ၏အခွင့်အရေးများကိ
• အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့်အလုပ်သမားအကြား ဆက်ဆံရေးကောင်းမွန်စေရန် (To have good relations among the workers or between the employer and the worker)
• အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျနှင့်လွတ်လပ်စွာဖွဲ့စည်း
စသည့်ရည်ရွယ်ချက်များဖြစ်ကြသည်။
Tuesday, May 1, 2012
ဗမာ့အမျိုးသမီးအာဇာနည် အဒေါ် ဒေါ်မြရီ
Posted by admin on January 2, 2011
လူတယောက်ကို တွေ့ကတည်းက ခင်သွားရတယ်ဆိုတဲ့ လူမျိုးတွေထဲမှာ အဒေါ်ဒေါ်မြရီဟာ ထိပ်ဆုံးက ပါပါတယ်။ ခင် ကြတာမှ သူ့ထက် အသက်ကြီးသူတွေ၊ သူ့အောက် အပုံကြီးငယ်သူတွေ၊ ရွယ်တူတွေ လူအရွယ်ရွယ် အစားစားက ချစ် ခင်ကြတာပါ။ အကြောင်းကတော့ သူက လူတွေကို အမြဲတန်းတူလို သဘောထား၊ ရဲဘော်ရဲဘက်လို သဘောထားပြီး ရှင်းရှင်း ဘွင်းဘွင်းနဲ့ ဟက်ဟက်ပက်ပက်ကြီး ဆက်ဆံပြောဆိုလေ့ ရှိလို့ပါ။ သူနဲ့ ရွယ်တူ (ရင်းနှီးသူ)၊ သူ့အောက် ငယ် သူတွေနဲ့ စကားပြောရင် သူက သူ့ကိုယ်သူ “ကိုယ်” လို့ ခေါ်ဝေါ် သုံးနှုန်းလေ့ရှိပါတယ်။
မသိသူကျော်သွား သိသူဖော်စား websites များ
ပုံလှလှလေးတွေ လိုချင်ရင်
ကွန်ပျူတာ အမေးအဖြေများလေ့လာရန်....
နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်....
မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်
blog နှင့် I T နည်းပညာ
ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား....
http:// https://mail.google.com/mail/?ui=2&ik=6af78d8a85&view=att&a............
ကွန်ပြူတာအတွက် နောက်ခံ ကိုယ့်ပုံနဲ့ မြင်ကွင်း...
http://www.mmcalendar.com/
မြန်မာ နှစ်တစ်ရာ ပြက္ခဒိန်
http://www.mmcalendar.com/
မြန်မာ နှစ်တစ်ရာ ပြက္ခဒိန်
နိုင်ငံရေး စာအုပ်များ အွန်လိုင်းမှာဖတ်ရန်
အောင်ဆန်း-အက်တလီ စာချုပ်
Subscribe to:
Posts (Atom)