Friday, May 24, 2013

ကူညီပြီး စဉ်းစားပေးကြပါ

I . . . Never never cry & Please don't Cry

စွန် လွှတ်သူ



            စွန် လွှတ်တမ်းဆော့ဖူးကြလား မသိဘူးနော်။ တစ်ချို့ကတော့ လေတံခွန် လွှတ်တာတဲ့။ ဘယ်လိုပဲခေါ်ခေါ် လေကိုဆန်တက်နိုင်တဲ့ အရာဝတ္ထု တစ်ခုကို သူ့အရွယ်အစားနဲ့ ဟန်ချက်ညီမယ့် ကြိုးနဲ့ တွဲထားပြီး၊ အဲဒီကြိုးကို လေအဟုန်မှာ မြင့်နိုင်သမျှမြင့်အောင် ဟန်ချက်ညီညီ ထိန်းပေးတဲ့ မြေပြင်က လူနဲ့ လေထုထဲကို ဆန်တက်သွားတဲ့ အရာဝတ္ထု တစ်ခုတို့ရဲ့ ဆက်သွယ်မှု ကစားနည်းလို့ပဲ အစ်ကိုနဲ့ သူ့ သူငယ်ချင်းတွေပြောတဲ့ စကားမှတဆင့်  ကျွန်မနားလည်ခဲ့ရဖူးပါတယ်။ ကျွန်မသိခဲ့တဲ့ စွန် လွှတ်သူ အမျိုးအစားတွေကတော့ -  
စွန်လွှတ်သူ - (၁)            လေ ရဲ့ တွန်းပင့်မှုတွေ ရှိနေတဲ့အချိန်မှာ စွန် လွှတ်သူရဲ့ စိတ်ဓါတ်ခွန်အားတွေ အားလုံးကို စွန် ကလေးဆီမှာ နှစ်မြုပ်ထားပြီး မြင့်သထက် မြင့်အောင်လုပ်ရတာကို သဘောကျလို့။