ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရ တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များ နမ်ဆန်ယန်ကျေးရွာအနီးတွင်
မြေပြင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရဘက်မှ
စစ်တိုက်လေယဉ်နှစ်စီးဖြင့် ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု
ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ABSDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး
မင်းဌေးက ပြောသည်။
“တောင်ကုန်းပေါ်မှာ ဖြစ်နေတယ်။ ဒီမနက် နမ်ဆန်ယန်ဘက်ကနေ တက်လာတာ။ မတက်လာနိုင်အောင် ကျနော်တို့ တားထားတယ်။ မနက် ၈ နာရီကတည်းကနေ ဖြစ်နေတာ၊ ခုန ၁၁ နာရီခွဲလောက်မှာ ပထမတခေါက်လာတာက တိုက်လေယဉ် HKW တရုတ်က လေ့ကျင့်တဲ့လေယဉ်၊ ဒီတခေါက်လာတာက ရဟတ်ယဉ်နဲ့ ပစ်သွားတာ တခါပစ်လိုက် ပြန်သွားလိုက်လုပ်နေတာ” ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။
နံနက် ၈ နာရီချိန်မှ စတင်၍ အစိုးရ၏ တပ်ဖွဲ့များ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာအနီး ထိုးစစ်ဆင်လာသဖြင့် KIA ၏ ရှေ့တန်းတပ်ဖွဲ့မှ ပြန်လည် ခုခံတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရ စစ်တပ်က တိုက်လေယဉ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။
ထို့ပြင် ယနေ့ ၁၁ နာရီခွဲချိန်မှစ၍ တိုက်လေယဉ် နှစ်စီး ပစ်ခတ်ခဲ့ပြီး နောက်ထပ် ရဟတ်ယဉ် နှစ်စီးဖြင့် ပြန်လည် တိုက်ခိုက်နေသည်ဟု