Friday, May 24, 2013

ကူညီပြီး စဉ်းစားပေးကြပါ

I . . . Never never cry & Please don't Cry

စွန် လွှတ်သူ



            စွန် လွှတ်တမ်းဆော့ဖူးကြလား မသိဘူးနော်။ တစ်ချို့ကတော့ လေတံခွန် လွှတ်တာတဲ့။ ဘယ်လိုပဲခေါ်ခေါ် လေကိုဆန်တက်နိုင်တဲ့ အရာဝတ္ထု တစ်ခုကို သူ့အရွယ်အစားနဲ့ ဟန်ချက်ညီမယ့် ကြိုးနဲ့ တွဲထားပြီး၊ အဲဒီကြိုးကို လေအဟုန်မှာ မြင့်နိုင်သမျှမြင့်အောင် ဟန်ချက်ညီညီ ထိန်းပေးတဲ့ မြေပြင်က လူနဲ့ လေထုထဲကို ဆန်တက်သွားတဲ့ အရာဝတ္ထု တစ်ခုတို့ရဲ့ ဆက်သွယ်မှု ကစားနည်းလို့ပဲ အစ်ကိုနဲ့ သူ့ သူငယ်ချင်းတွေပြောတဲ့ စကားမှတဆင့်  ကျွန်မနားလည်ခဲ့ရဖူးပါတယ်။ ကျွန်မသိခဲ့တဲ့ စွန် လွှတ်သူ အမျိုးအစားတွေကတော့ -  
စွန်လွှတ်သူ - (၁)            လေ ရဲ့ တွန်းပင့်မှုတွေ ရှိနေတဲ့အချိန်မှာ စွန် လွှတ်သူရဲ့ စိတ်ဓါတ်ခွန်အားတွေ အားလုံးကို စွန် ကလေးဆီမှာ နှစ်မြုပ်ထားပြီး မြင့်သထက် မြင့်အောင်လုပ်ရတာကို သဘောကျလို့။

Wednesday, January 2, 2013

အစိုးရတပ်မှ KIO ကို တိုက်လေယဉ်ဖြင့် ဆက်လက် တိုက်ခိုက်နေဟု ဆို

 
 
 
ချင်းမိုင်(မဇ္စျိမ) ။         ။ မြန်မာအစိုးရ တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များ နမ်ဆန်ယန်ကျေးရွာအနီးတွင် မြေပြင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရဘက်မှ စစ်တိုက်လေယဉ်နှစ်စီးဖြင့် ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု  ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ABSDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“တောင်ကုန်းပေါ်မှာ ဖြစ်နေတယ်။ ဒီမနက် နမ်ဆန်ယန်ဘက်ကနေ တက်လာတာ။ မတက်လာနိုင်အောင် ကျနော်တို့ တားထားတယ်။ မနက် ၈ နာရီကတည်းကနေ ဖြစ်နေတာ၊ ခုန ၁၁ နာရီခွဲလောက်မှာ ပထမတခေါက်လာတာက တိုက်လေယဉ် HKW တရုတ်က လေ့ကျင့်တဲ့လေယဉ်၊ ဒီတခေါက်လာတာက ရဟတ်ယဉ်နဲ့ ပစ်သွားတာ တခါပစ်လိုက် ပြန်သွားလိုက်လုပ်နေတာ” ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

နံနက် ၈ နာရီချိန်မှ စတင်၍ အစိုးရ၏ တပ်ဖွဲ့များ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာအနီး ထိုးစစ်ဆင်လာသဖြင့် KIA ၏ ရှေ့တန်းတပ်ဖွဲ့မှ ပြန်လည် ခုခံတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရ စစ်တပ်က တိုက်လေယဉ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။

ထို့ပြင် ယနေ့ ၁၁ နာရီခွဲချိန်မှစ၍ တိုက်လေယဉ် နှစ်စီး ပစ်ခတ်ခဲ့ပြီး နောက်ထပ် ရဟတ်ယဉ် နှစ်စီးဖြင့် ပြန်လည် တိုက်ခိုက်နေသည်ဟု

UNFC နှင့် ကချင် အဖွဲ့ ၁၁ ဖွဲ့တို့ ထိုးစစ်ရပ်ရန် ကြေညာချက်ထုတ်ပြန်

ကချင်ပြည်နယ် အတွင်းရှိ အစိုးရ တပ်များ၏ ထိုးစစ်များ လုံးဝ ရပ်တန့်ပေးရန် ဒီဇင်ဘာလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ကချင်အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍လည်းကောင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် အသီးသီး ကြေငြာချက်များ ထုတ်ပြန်ကာ တောင်းဆို လိုက်သည်။

ကချင် အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍ ထုတ်ပြန်ထားသည့် ကြေငြာချက်တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို လေကြောင်းမှ လေယာဉ်များဖြင့် အသုံးပြု တိုက်ခိုက်နေမှုများနှင့် လက်နက်ကြီးများဖြင့် ကချင်-တရုတ် နယ်စပ် တလျှောက်ရှိ ကချင် ဒုက္ခသည် စခန်းများဘက်သို့ ပစ်ခတ်နေမှုများကို ချက်ခြင်း ရပ်တန့်ပေးရန်နှင့် စစ်ရေးအရ ဖိအားပေးမှုများ ဖယ်ရှားကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် အပါအဝင် အချက် လေးချက် ကို တောင်းဆို ထုတ်ပြန်ထားသည်။

စစ်ပြေး ဒုက္ခသည်များ၏ ဘဝ လုံခြုံရေးအတွက် ဆိုးရွားသည့် အခြေအနေများနှင့် တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်လိမ့်မည်ဟု သုံးကပ်ကာ